Dutch Lady Myanmar

နယ်သာလန်နိုင်ငံမှာ စတင်ထူထောင်ခဲ့တဲ့ ဒတ်ခ်ျလေဒီ အမှတ်တံဆိပ်ဟာ ခိုင်မြဲကြံခိုင်တဲ့ မိသားစုတွေ တည်ဆောက်ဖို့အတွက် မိခင်တွေကို ၁၈၇၁ ခုနှစ်ကတည်းက စတင်၍ကူညီပေးနေခဲ့တဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ကုမ္ပဏီကိုနို့ထွက်ပစ္စည်းနှင့်ပက်သက်ပြီးမျိုးဆက်၇ဆက်ကျော် ကျွမ်းကျင်အတွေ့အကြုံများစွာရှိတဲ့ ဒတ်ခ်ျမွေးမြူရေးလယ်သမားများကပိုင်ဆိုင်ပါတယ်။ မိသားစုစိတ်ဓါတ်အပြည့်အဝရှိတဲ့ကျွန်မတို့အနေနဲ့ကျွန်မတို့ရဲ့မိသားစုဝင်တွေကိုသာပေးစွမ်းဖြည့်ဆည်းပေးတဲ့ အကောင်းဆုံးနို့ထွက်ပစ္စည်းတွေကိုပဲ သင့်ထံကိုရောက်အောင်ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အရပ်အရှည်ဆုံးဟာ နယ်သာလန်နိုင်ငံက ဒတ်ခ်ျလူမျိုးတွေဖြစ်ပါတယ်တဲ့! ဒါကြောင့်မိခင်တွေလည်းဖြစ်တဲ့ကျွန်မတို့ ဒတ်ခ်ျလေဒီ စာမျက်နှာ အနေနဲ့မိသားစုဝင်တွေကျန်းမာကြံ့ခိုင်ဖို့နဲ့ အရပ်ရှည်စေဖို့ ပျိုးထောင်ပေးခြင်းရဲ့ အရေးပါမှုတွေကိုသိရှိနေပါတယ်။ ကျွန်မတို့ရဲ့ Facebook စာမျက်နှာမှာပေါ်မှာ ပါဝင်ဆွေးနွေးကြရင်း မြန်မာနိုင်ငံမှာလည်း ခိုင်မြဲကြံ့ခိုင်တဲ့ မိသားစုတွေဖြစ်လာအောင် အတူတူတည်ဆောက်ကြမယ်နော်။ ဒတ်ခ်ျလေဒီ ဖေ့ဘွတ် ကွန်ရက်မှာ ဝင်ရောက်ပါဝင်လာခြင်းကို အထူးပင်ကျေးဇူးတင်ရှိပါတယ်။ ကျွန်မတို့ရဲ့စာမျက်နှာမှာဝင်ရောက်ဆွေးနွေးရာမှာလိုက်နာအပ်တဲ့လမ်းညွှန်ချက်လေးတွေရေးပေးထားပါတယ်။ ၁) မိခင်များအားလုံး တစ်ဦးနဲ့တစ်ဦးအပြန်အလှန် လေးစားသမှုရှိစေချင်ပါတယ်။ ၂) ဒီစာမျက်နှာလေးမှာ မိခင်တွေအားလုံးရဲ့ မိသားစုဘဝနဲ့ပက်သက်တဲ့ အတွေ့အကြုံတွေ၊ အတွေးအခေါ်တွေ မိမိတို့ရဲ့ သားသားမီးမီးလေးတွေကို ထိမ်းကြောင်းပျိုးထောင်မှုနည်းလမ်းကောင်းလေးတွေကို ဆွေးနွေးဝေမှုနိုင်မှာဖြစ်တဲ့အတွက် ထိုအကြောင်းအရာတွေနဲ့သာ ပက်သက်ပြီးဆွေးနွေးစေလိုပါတယ်။ ၃) ရိုင်းစိုင်းခြင်း၊ ဆဲဆိုခြင်း၊ တစ်ဖက်လူ၏ဂုဏ်သိက္ခာကိုထိခိုက်စေခြင်းနှင့် နိုင်ငံရေး၊ ဘာသာရေးအစရှိသည့် အကြောင်းအရာများကြောင့် အချင်းချင်းစိတ်ဝမ်းကွဲစေနိုင်သည့် ပို့စ်များမတင်စေဖို့ မေတ္တာရပ်ခံပါတယ်။ ပစ္စည်းအရောင်းအဝယ်နှင့် အခြားကြော်ငြာများလည်းမတင်စေလိုပါ။ ကျွန်မတို့ရဲ့ အက်မင် ကလည်း ထိုသို့သော ပိုစ့်များကို တွေ့ရှိလျှင် ဖယ်ရှားပေးမှာဖြစ်ပါတယ်။ ၄) မိမိကိုယ်တိုင်ဟန်ဖြင့်အရှိအတိုင်းနေနိုင်ပြီး သူတစ်ပါး၏ ဥာဏပစ္စည်းဆိုင်ရာမှုပိုင်ခွင့်များကို မချိုး ဖောက်ရန်အကြံပြုလိုပါတယ်။ ကျွန်မတို့ ဒတ်ခ်ျလေဒီ မြန်မာနဲ့ ပက်သက်တဲ့အကြောင်းအရာများကို အသေးစိတ်ပိုမိုသိရှိလိုပါက www.dutchlady.com.mm မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။